DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, May 30, 2011

နွေစပါးစိုက်ပျိုးခိုင်းခြင်းကြောင့် လယ်သမားများ အခက်တွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် နွေစပါးအတင်းအကြပ် စိုက်ပျိုးခိုင်းခြင်းကြောင့် လယ်သမားများ စိတ်ညစ်နေရကြောင်းသိရှိရပါသည်။

မေလ ပထမ အပါတ်တွင် ကွတ်ခိုင်မြို့နယ်ဥက္ကဌနှင့် စိုက်ပျိုးရေးမန်နေဂျာမှ လယ်သမားများကို အစည်းအဝေးခေါ်ယူကာ နွေစပါးစိုက်ပျိုးရန် အတင်းအကြပ်စေခိုင်းခဲ့ကြောင်း လယ်ပိုင်ရှင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

“အဘိုးတို့လယ်ကိုသီးစားပေးထားတယ်။ သားသမီးတွေက အဝေးမှာဆိုတော့ အဘွားနဲ့ နှစ်ယောက်တည်းဘဲ လယ်ကထွက်တဲ့စပါးတွေကို လယ်အငှားယူထားတဲ့သူနဲ့ တယောက်တ၀က်စီ မျှစားကြတယ်။ ဒါနဲ့ပဲစားနေရတယ်လေ။ အခု အစိုးရက နွေစပါးစိုက်ခိုင်းတော့ အဘိုးတို့က စပါးမစိုက်နိုင်ဘူးလေ လယ်သီးစားငှားတဲ့သူကလဲ မိုးစပါးပဲစိုက်တာဆိုတော့ ဘယ်လိုလုပ်ရ မှန်းတောင်းမသိတော့ဘူး ”
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ၌ အာဏာပိုင်အစိုးရအဖွဲ့နှင့် ရွာခံလယ်သမားများ မကျေမနပ်ဖြစ်နေကြောင်း လယ်သမားတစ်ဦးပြောပြချက်အရသိရှိရပါသည်။

ကွတ်ခိုင်မြို့တွင် ရာသီဥတုအရမ်းအေးသောကြောင့် နွေစပါးစိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း လယ်သမားတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။

“မနှစ်တုန်းက ကျတော်တို့နွေစပါးစိုက်တာအရမ်းရှုံးတယ်။ ဒီမှာကမပူတော့ နွေစပါးစိုက်လို့ အဆင်မပြေဘူး။ ဒုက္ခတွေအရမ်းရောက်ရတယ် ဒီနှစ်တော့မစိုက်ချင်တော့ဘူး မိုးရာသီလဲ ရောက်တော့မှာမို့ မိုးစပါလဲစိုက်ရတော့မယ်။အချိန်လဲမရှိတော့ဘူး”

အာဏာပိုင်များပြောသည့်အတိုင်း နွေစပါးမစိုက်ပျိုပါက လယ်များကိုသိမ်းမည်ဖြစ်ပြီး မိမိတို့၏ လယ်ကို ပြန်လိုချင်လျှင် လူမြင်ကွင်းများရှေ့၌ ငွေတစ်သိန်းငါးသောင်း (၁၅၀၀၀၀)ကျပ် ဖြင့်ပြန်လည် ရွေးရမည်ဟု ခြိမ်းခြောက်သောကြောင့် အာဏာပိုင်အဖွဲ့အစည်းနှင့် လယ်သမားများအကြား မကြေမနပ်မှုဖြစ်နေကြောင်း သိရှိရပါသည်။
ယခင်နှစ်များတွင် နွေစပါးစိုက်ခိုင်းသော်လည်း မစိုက်လျှင် ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းမျိုးမရှိပေ။
Read more »

နမ့်စိပ်ကျေးရွာဘုန်းကြီးကျောင်းမီးလောင်

၂၀၁၁ခုနှစ်၊မေလ(၂၅)ရက်နေ့ နံနက်(၉)နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ နမ့်စိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်း မီးလောင်သွားခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးမှာဒဏ်ရာပြင်းထန်စွာရရှိပြီး ယခုထိ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်းသိရှိရသည်။

" ကျောင်းထိုင်ဘုန်းကြီးကတော့ လည်ပင်း၊လက်၊ဦးခေါင်းပါ ဒဏ်ရာရတယ်၊ ကိုရင်လေးတွေကတော့ ဘာမှမဖြစ်ပါဘူး" ဒေသခံတဦး ပြောပြချက်အရသိရှိသည်။

မီးလောင်သွားသည့်ဘုန်းကြီးကျောင်းမှာ လက်ရှိခန်းမှန်းခြေအားဖြင့် သိန်း(၅)ထောင်လောက် တန်ဖိုးရှိပြီး၊ မီးလောင်စဉ် နမ့်စိပ်ကျေးရွာ အပြင် အနီးအနားရှိရွာသူရွာသားများလည်း လာရောက်ကူညီ ငြိမ်းပေးကြသည်။

" ကျနော်တို့မန်စက်ရွာက လူအယောက်(၁၅၅)သွားကူငြိမ်းတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းတစ်ခုလုံး ဘာမှမကျန်အောင် မီးလောင် သွားတယ်"ဟု မန်စက်ရွာသားတစ်ဦးပြောပြခဲ့သည်။

အစိုးရကနေမှ  တစုံတရာလာရောက်ကူညီဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မီးလောင်ပြီးနောက်(၂)ရက် အကြာတွင် နမ့်ခမ်းမြို့မှ ရဲသား(၃)ဦး ရွာရောက်လာပြီး ရွာသားများအား ဘာကြောင့်မီးလောင်သည်ကို မေးမြန်းခဲ့သည်၊၊ ရွာသားများက မီးလောင်ရသည့် အကြောင်းရင်းကို မသိဘူးလို့ပြောသည့်အခါ ရဲများမှ ရွာသားများကို  မဖြေနိုင်ပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရှိရသည်။

နမ့်စိပ်ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီး(၁)ပါးအပါအဝင် ကိုရင်(၁၀)ပါးကျော် သီတင်းသုံး နေထိုင်သည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
Read more »

နမ့်ဆန်မြို့တွင်း နွား၊မြင်းများ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခံရ

နမ့်ဆန်မြို့တွင်း တိရစ္ဆာန်များဖြတ်သန်းသွားခွင့်မပြုသည့် အမိန့်ကြောင့်ကျေးရွာအသီးသီးမှ နွား၊လား၊မြင်း တို့ဖြင့် လက်ဖက်နှင့် အခြားကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသော ဒေသခံများ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နမ့်ဆန်မြို့သည် လမ်းမကြီးတခုတည်းသာရှိပြီး ယခုလိုစည်းကမ်းချက်သည် တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့ပြီးနောက်ပိုင်း ပထမဆုံးချမှတ်သည့်စည်းကမ်းဖြစ်ပြီး၂၀၁၁၊မေလ(၂) ရက်နေ့မှ စ၍ နံနက် (၇)နာရီမှ ညနေ (၄)နာရီအထိ မြို့တွင်း မြင်း၊နွား၊လားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

"ကျနော်တို့လက်ဖက်တွေကို ရွာကနေ မြင်းနဲ့သွားပို့ရတယ်၊ အခုလိုစည်းကမ်းထုတ်ထားတော့ ခက်တာပေါ့၊ မနက် (၇)နာရီမထိုးခင် မြို့ကိုအမှီဖြတ်ဖို့ မိုးမလင်းခင်ကတည်းကသွားရတယ်၊ ပြန်လာဖို့လည်းညနေ (၄)နာရီ မကျော်မချင်း စောင့်နေရတယ် ဘယ်လိုမှကို အဆင်မပြေဘူး လမ်းကလည်းဒီတလမ်းပဲရှိတာ" ဟုရွာသားတစ်ဦး မှပြောပြခဲ့သည်။

နမ့်ဆန်လက်ဖက်ကုန်သည်များမှ လားရှိုးတိုင်းမှုးထံသို့ ယခုစည်းကမ်းချက်သည် နမ့်ဆန်ဒေသတွင်း ဖြစ်နေတဲ့ အခြေအနေအရ လုံးဝမကိုက်ညီကြောင်း၊ အနီးအနားရွာတွေဟာ မြင်း၊နွား၊လားများကိုသာ အားကိုးပြီးမြို့ပေါ်သို့  လက်ဖက်တွေတင်ပို့ရပြီး၊လိုအပ်သည့် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ပြန်လည်တင်ဆောင်ရကြောင်းကို စာတင်ထားသည်။ သို့သော် တိုင်းမှုးထံမှတစုံတရာ  အကြောင်းပြန်ခြင်းကိုမူ ယခုချိန်ထိမတွေ့ရှိရသေးပါ။

ယခုစည်းကမ်းချက်ကို နမ့်ဆန်မယကဥက္ကဌမှ ကျောင်းသူ၊ကျောင်းသားများ ကျောင်းတတ်ချိန်တွင် အနှောက်အယှက်ဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့်ထုတ်ပြန်ထားတာဖြစ်ပြီး လိုက်နာမှုမရှိပါက ဒဏ်ငွေ(၁၀,၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်သည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
Read more »

Friday, May 20, 2011

Temporary marking of gas pipeline boundary begins in Northern Shan State

Starting from the 2nd week of April 2011, sourced from local people that the provisional mapping of the location of the  gas pipeline which will run from Khyatphyu, Arakhan State to China have begun in Mansan, Namatu, and Maimaw, Namatu Township, Northern Shan State.
Locals expect an abundance of land confiscation and human rights abuses to take place along the boundary pillars of pipeline in Mansan, west of Maimu, west of Lonmate, west of Kaunghyon, and west of Manmai and other villages between Namatu and Mansan.
“They have finished setting up the temporary boundaries from Nammatu to Maimaw and we have heard that they will continue measuring along the Shweli Hydro Power transmit line. They came and located 20 acres at farm of U Aik Yay and 20 acres at Kupanaung’s in east of Mainampanlay village” said the next local villager.
Not only do villagers really worry that currently, they have crossed in total 10 villages abut also they are anxious that they will continue passing many villages along the road between Namatu and Maimaw, which will lead to the presence of one Chinese engineer and two Burmese military staffs for measuring the gas pipes.
Most Ta’ang (Palaung), some Kachin, Shan, and other ethnics live along the roads where the gas pipes will cross within in Northern Shan State. It will probably increase the number of land confiscation cases, where the land will be needed for laying the pipeline. These areas are where local people have paddy fields, tea farms, and vegetable gardens thus affecting their livelihoods.

Information and Documentation
Ta’ang Students and Youth Organization
Read more »

Military operation soldiers rob local people of vegetables

Due to ongoing conflict between Burmese military and SSPP/SSA-N within in Northern Shan State and in order to defend Shan armies, Kutkai Base Battalion (241) collected 50 guards per village from many villages near Kutkai and build temporary camps for regimentation security around Kutkai Town.
The SPDC soldiers threatened and robbed vegetables, fruit, and pets of local villagers in Tonsin(dang) village, Tonsin(dyet) village, Mannoung village, Kholon villager, Pansay village, and other villages.
“They took our vegetables without permission and didn’t even pick them properly so, they pinched the branch, root, and leaf and destroyed the field and then they forced villagers to give them their hens,” said a local villager.
Villagers grow their vegetables and to sell in nearby towns. Not only do some market sellers vend in Kutkai market but they also sell in different markets such as Tarmoenyi market, Thainee market, and Namslad market and their livelihoods basically depend on selling these vegetables.
“The soldiers based at village cited village security as the reason for them being there but they killed our hens and picked the vegetables whenever they wanted to and then destroyed the new crops. Villagers were afraid of when the soldiers were they threatened them. Women could not work safely at farms and were not able to go out after dark” said a village woman, who disputes village security as the reason the soldiers are based in her village.

Information and Documentation
Ta’ang Students and Youth Organization
Read more »

သစ်တော့ပြုန်းတီးမှုကြောင့် သောက်သုံးရေရှားပါးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တ၀ိုက်ရှိ တောင်ပေါ်ကျေးရွာများတွင် သောက်သုံးရေ ရှားပါးလာကြောင်း သိရှိရပါသည်။ ရေရှားပါးလာရခြင်း အဓိကအကြောင်းအရင်းမှာ သစ်တောများပြုန်းတီးလာမှုကြောင့်ဖြစ်ကြောင်း ဒေသခံရွာ သားတစ်ဦးမှ ပြောပြပါသည်။


“ကျွန်မတို့ရွာမှာ အရင်ကဆိုရင် တောတောင်တွေအများကြီးရှိတယ်။ စိမ်းလန်းစိုပြေနေတယ်။ ရေတွေလည်းပေါလွန်းလို့။ အခုတော့ မိုးရွာမှဘဲ ရေရတော့တယ်။ တောတွေထဲမှာလဲ သစ်ပင်တွေမရှိတော့ဘူး။ တောထဲက ရှိသမျှ သစ်တွေခုတ်ပြီး မီးသွေးဖုတ်တယ်။ မိသားစု စားဝတ်နေရေး ပြဿနာကို အဲဒါနဲ့ပဲ ဖြေရှင်းနေရတာကို။ တောင်တွေမှာက သစ်ပင်တွေမရှိတော့ စမ်းချောင်းတွေလဲ ကောင်းကောင်းမရှိတော့ဘူးလေ တောင်ကျစမ်းချောင်းရေကိုပဲ သောက်ရေအဖြစ်နဲ့အားကိုးရတာဆိုတော့ စမ်းချောင်းတွေမရှိတော့ သောက်ရေမရှိသလောက်ဖြစ်လာတယ်။ မီသွေးဖုတ်လွန်းလို့ ထင်းလုပ်ဖို့သစ်တောင်မရှိတော့ဘူး။ အခုထင်းခုတ်ဖို့အတွက်တောင် မရှိသလောက်ရှားနေပြီ။ တောင်တွေဆိုလဲ တောင်ကတုန်းတွေဖြစ်ကုန်ပြီ။ သစ်ပင်ကြီးကြီးတွေဆိုလဲ မရှိတော့သလောက်ပဲ။ အခုဆိုရင် ဒီဘက်မှာ သစ်ပင်တွေမရှိတော့ တခြားမှာသွားပြီး မီးသွေးဖုတ်ကြတယ်။ ကချင်နယ်ဘက်မှာသွားပြီး မီးသွေးဖုတ်ကြတာ။ သစ်ပင်ကြီးတွေမရှိတော့ ရာသီဥတုလည်း မကောင်းတော့ဘူး၊ ဒ်ီနွေမှာဆို မိုးခဏခဏရွာတယ်လေ။ ရွှေဖီချိန်ဆိုရင် အရင်က လက်ဖက်တွေခူးနေပြီလေ အခုတော့ မိုးခဏခဏရွာလို့ လက်ဖက်လည်းကောင်းကောင်းခူးလို့မရဘူး။ ရွာမှာမီးသုံးဖို့ကို ချောင်းကြီးကရေတွေအားကိုးရတယ်လေ အခုချောင်းကြီးရေကလည်း မီးပေးလို့မနိုင်တော့ဘူး။ အရင်က တရွာလုံးချောင်းကြီးက ရေးအားလျှပ်စစ်နဲ့ မီးရတယ်။ အခုဆိုရင် ကျမတို့ သုံးလေးအိမ်စုပြီးမှ ကိုယ့်နီးစပ်ရာချောင်းမှာ မီးစက်ဝယ်ပြီးမီးယူရတယ်။ သောက်သုံးရေလည်းရှားနေပြီ။ ကျမတို့ဆီမှာ အရင်က စမ်းရေ(သောက်ရေ) ပေါသလောက် အခုတော့ ရေကရှားနေပြီ။ အခု ကျွန်မတို့ရွာအတွက်သောက်ရေအဆင်ပြေဖို့ဆိုပြီး Care Myanmar နဲ့ UNICEFက ရေသွယ်ပေးဖို့လုပ်နေတယ်၊ သူတို့က ကုန်ကျစရိတ်ကို ထောက်ပံ့ပေးတယ်။ ကျွန်မတို့ရွာသူ၊ ရွာသားတွေက လုပ်အားပေးရတာပေါ့နော်။ ရေသွယ်ရမဲ့နေရာလည်း အဝေးကြီးဘဲ။ ၂-၃ပတ်အတွင်း ပြီးအောင်လုပ်ပေးမယ်လို့ ပြောတယ်။


ထို့အပြင် အခုရာသီမှာ လယ်သမားတွေ လယ်စ၀င်ရမည့်အချိန်ဖြစ်နေသဖြင့် လယ်သမားများ ရေအခက်အခဲကြုံရမည်ကို စိုးရိမ်နေကြသလို ရွာသူ၊ရွာသားများသည်လည်း လယ်သမားများ လယ်လုပ်လျှင် ရပ်ရွာထဲရေမလာမည်ကို စိုးရိမ်နေကြသည်၊


“လယ်သမားတွေဆိုရင် လယ်လုပ်ရမဲ့အချိန်ရောက်နေပြီ။ လယ်လုပ်ရင်တော့ ရေပိုရှားမယ်။ အားလုံးက ချောင်းရေကိုဘဲ အားကိုးနေရတယ်။”ဟု ထိုရွာသားမှ ဆက်လက်ပြောပြခဲ့ပါသည်၊

 
Read more »

Tuesday, May 17, 2011

ဂတ်(စ်)ပိုက်လိုင်းယာယီမှတ်တိုင်များ ရှမ်းမြောက်အတွင်းစတင်


၂၀၁၁ခုနှစ်၊ ဧပြီလ ဒုတိယပတ်မှစပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်ပြည်သို့ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မန်စံ-နမ္မတူ-မိုင်းမော်အထိဂတ်(စ်)ပိုက်လိုင်းယာယီငုတ်တိုင်များ၊ အမှတ်အသားများ စိုက်ထူနေကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။ မန်စံ-နမ္မတူကြားဂတ်(စ်)ပိုက်လိုင်းလမ်းတလျောက်အတွင်းမန်စံ၊မိုင်းမုအနောက်ဘက်ခြမ်း၊ လုံမိတ် အနောက်ဘက်ခြမ်း၊ ကောင်းဟုန်းအနောက်ဘက်ခြမ်း၊ မန်မိုင်အနောက်ဘက်ခြမ်း စသည့် ကျေးရွာပေါင်း(၁၅)ရွာရှိရာဂတ်(စ်)ပိုက်လိုင်း ယာယီမှတ်တိုင်များစိုက်ထူမှုကြောင့် လယ်ယာမြေများ၊ စိုက်ပျိုးရေးခြံများစသည့်တို့ သိမ်းဆည်းခံရနိုင်ကြောင်း သိရှိပါသည်။
မန်စံနှင့်နမ္မတူကြားရှိ ဆန်ခါးရွာသားတစ်ဦးမှ ဂတ်(စ်)ပိုက်လိုင်းလမ်းကြောင်းသည် ၄င်းတို့ရွာအလယ်တည့်တည့်ကို ဖြတ်သွားမည်ဖြစ်ကြောင်း၊ ဧပြီလလယ်ကတည်းက ယာယီမှတ်တိုင်တွေ လာစိုက်ပြီးသွားပြီဖြစ်ကြောင်းပြောပြခဲ့သည်။
နောက်ဒေသခံတစ်ဦးမှ "နမ္မတူမှ မိုင်းမော်အထိလည်းယာယီတိုင်တွေ စိုက်ပြီးသွားပြီ၊ သူတို့ဆက်လက်ပြီး ဒီရွှေလီဓါတ်အား လိုင်းတစ်လျောက်ထပ်မံတိုင်းတာမှုဆက်လုပ်မယ်လို့လဲ သတင်းကြားရတယ်၊ မိုင်းနမ့်ပန်လေး ကျေးရွာ အရှေ့ဘက်ရှိ ခြံပိုင်ရှင် ဦးအိုက်ယေ့(ဧက၂၀ခန့်)နှင့် ကူန်ပန်းအောင်(ဧက၂၀) တို့ခြံမှာလည်း မှတ်တိုင်တွေလာစိုက် သွားတယ်" ဟု ပြောပြခဲ့ပါသည်။
ယခုလက်ရှိ နမ္မတူ-မိုင်းမော်ထိလမ်းတလျောက်အတွင်း ကျေးရွာပေါင်း (၁၀) ရွာကိုဖြတ်သန်းသွားမည့်ဖြစ်ပြီး နောက်ထပ်ရွာပေါင်း ဘယ်လောက်ထပ်မံပြီး ဖြတ်သွားမည်ကိုဒေသခံများက စိုးရိမ်းနေကြကြောင်းနှင့် ၎င်းဂတ်(စ်)ပိုက် လိုင်းများကို တိုင်းတာရန်အတွက် အဓိကတရုတ်အင်ဂျင်နီယာတစ်ဦး နှင့်အစိုးရဝန်ထမ်း(၂)ဦးပါဝင်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း ဂတ်(စ်)ပိုက်လိုင်းဖြတ်သန်းသွားမည့် လမ်းတစ်လျောက်တွင် တအာင်း(ပလောင်)လူမျိုး အများစုနေထိုင်ပြီး ကချင်နှင့်ရှမ်းစသည့် တိုင်းရင်းသားများလည်းနေထိုင်ကြသည်။ ၎င်းဂတ်(စ်)ပိုက်လိုင်းဖောက်လုပ် သွားပါက ပြည်သူများပိုင်ဆိုင်သည့် လယ်မြေများ၊ လက်ဖက်ခြံများ။ ဟင်းသီးဟင်းရွက်ခြံများ သိမ်းဆည်းခံရမှုများ တိုးပွားလာနိုင်ကြောင်း သိရှိရပါသည်။
သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားများနှင့်လူငယ်များအစည်းအရုံး
Read more »

Start importing gas pipeline from China to Burma

On May 12th, 2011, huge trucks were seen to start to import the large pipes that will be used in the gas pipeline project between Shweli and Kyial Koung which are located on the Burma -China border.
“I saw the big pipes were being transferred from one truck to another when I arrived at the China-Burma Trade Center. He said that it is for the gas pipeline and for four trucks already left to transport the pipes to Burmaand then two trucks were still transporting when I asked one of the Trade Center staffs.Five trucks carrying pipes crossed here last week” said a witness.
On the same issue, Muse local people often see truckscarrying gas pipe but they did not know what they were for. The gas pipesare transported from China to Burma in different ways such as by trucks, ships, and other means.
A local source said that the trucks that transport the pipes from China to Burma are covered by large tarpaulins in order to conceal the contents from the local people.
The Burma-China Shwe natural gas pipeline which is 792.5 km in length is still under construction. It runs from Kyautphy Town, Arakhan State across to Magwe Division, Madalay Division and Shan State in order to bring that gas pipeline project up to Kumin Town, Yunan State, China.
The gas pipelines which it is going to cross Shan State will built alongthe transmit line of Shweli Hydro Power Dam 1 in the Ta’ang area. It has alreadybeen documented in the Ta’ang Students and Youth Organization’s 2007 Dam Report “Under the Boot” that local people have had to face many human violationsas a result of the dam projects, now have to suffer a second set of violations as they build the Shwe Gas Pipeline.
Read more »

Two Ta’ang’s young women were trafficked into China

Lway Ei Ngin the daughter of U Sam Mai and Lway O Mai the daughter of U Aung Pan from Kar Lai Kone Sar district, Man Mai village,  Kut Khai, Northern Shan State of Burma have been trafficked to China.
On the 8th February, 2011 Lway Ei Ngin and Lway Ei Mai, 17 years were lured to go and work in Nampaka market at the grocery shop with 3,5000 Kyat by U Chit Aye and his wife, Daw Shwe Kyar, from Nam Pa Kar No. 1, Kut Kai township.
Lway O Mai’s father, U Pan Aung went to meet with his daughter in Nampaka on 1st of March; however, U Chit Aye and Daw Shwe Kyar, who took his daughter, said that she was not there and that she was working in the restaurant at Koe Mon water tank. If you would like to see her, we will send her in three or four days.
When his daughter after he waited for a week still had not come, he asked help from Ta’ang leaders.  The Ta’ang leaders complained to the Nampakar police station on 7th of April after they found out that U Chit Aye and Daw Shwe Kyar had contact with human traffickers.
The Ta’ang leaders and Col Kyaw Kyaw Naing, head of the police station, interrogated U Chit Aye and Daw Shwe Kyar in their home. They said that they did not traffic and that the two girls were working in Kyang Houng, China and then they signed on the agreement paper that says,” We will bring the two girls home on the 11th of April.”  However, the two girls still haven’t come back until now. Consequently a complaint was sent to the Kut Khai police station on 21st of April again but the police are still have not followed this up.
There has also been a similar case which U Aik Htet (Saw Ti Ya)’s daughter, Ma Ei Mo, 23 years who live in Lon Kan district, Man Pu village, Kut Kai Township was trafficked into marriage in China.
Read more »

Collecting reserve soldiers after militia training

In northern Shan state, Nam Kham, the 90 villagers who live in upper Parn York village and below Parn York were forced to attend militia training by the battalion (144), which is based at the Marn That village. Out of the 90 villagers, some 30 villagers were chosen to attend the gun fighting exercise training as permanent militia to Nampaka village on April 2nd. Presently, 60 villagers have been collected in Marn That village as reserve recruits.
According to the villagers, they said the authorities have never called the Ta’ang villagers to attend the militia training before. However, the authorities did not train the villagers in gun fighting excise training and only collected the villagers as reserve recruits; the villagers are worried about the reasons for this reserve recruitment due to the ongoing fighting between the army and the ethnic groups in the area.
“The military regime forced us to attend the militia training; however, this time is unlike before because the authorities train us in gun fighting exercise training and collect us as reserve recruits.  After the SSA-N and military soldier were fighting, the military regime’s plan was to collect us as reserve recruits for the frontline. The military regime will try to use us (the Ta’ang people) in fighting with the Shan soldiers therefore the government will create conflict between ethnic groups”, said the villager.
The villagers, who were forced to attend the militia training for reserve recruits, have been faced with many family problems, such as money problems. Most of those villagers, who attended the militia training, were relying on the yield from their tea farm and other crops, as a result of being forced to attend the militia training they have been unable to tend to their crops, thus loosing money for their families and it put them under severe mental strain as they worry about their women, elderly relatives and children having enough to eat.
Read more »

Excessive taxing on charcoal trucks

The authorities are extracting excessive amounts of money from charcoal truck drivers and normal drivers who are transporting goods between Maiwee village and Namkham town which is located 28 miles north of Namkham Town, Northern Shan State.
The charcoal traders use three axle Trucks, dump trucks, six wheelers, and cars for carriage. There are 28 gates to cross from Maiwee village to Namkham town and each gate requests the drivers to pay money.  We asked to charcoal traders how much of money they have to pay to pass each gate and if the prices were different at each gate?
“Different departments request money between Maiwee village and Namkham and unfairly, some gates ask for money even though it doesn’t concern their responsibilities. They don’t even ask for a small amount of money. So, we have to pay for Maiwee departing gate 26,000 Kyats, Manyong gate 4,000 Kyats, Kyoikhik gate 10,000 Kyats, Manpou 2,000 Kyats, Nampo gate 2,000 Kyats, Sikekin gate 10,000 Kyats, Honar gate 15,000 Kyats, M.V.C 5,000 Kyats, T.P.D.C (Koungkart village) 10,000 Kyat, City militia 5,000 Kyats, S.P 12,000 Kyats, four drug group 40,000 Kyats, Counteracted Trafficking Group 5,000 Kyats, Namkham traffic police 5,000 Kyats, militia (Pansay) 3,000 Kyats, (Ka Nya Na) 8,000 Kyats, forester (Winkan village) 32,000 Kyats, Investigation group 5,000 Kyats, Namkham (forester retirement) 15,000 Kyats, Immigration 6,000, and Pankham police 3,000 Kyats.  In total we have to pay 320,000 Kyats for just one load” said a charcoal trader.
A three axle truck can carry charcoal between 3,000 to 4,000 Viss (used weight in Myanmar). The price of one Viss of charcoal in villages fetches between 250 and 270 Kyats and in Namkham Town is between 500 and 600 and then from there the businessmen transport it to China.
Mostly, the lives of Ta’ang (Palaung) between Maiwee village and Namkham depend on baking charcoal. However, because of the extortionate amount of money the drivers have to pay at the gates it is often not worth anything in the end to the charcoal traders this then directly affects the local charcoal bakers’ livelihoods and the only people who are making a profit are the authorities at the gates.
Read more »

Force relocation and confiscation the land according to the main road construction

There were a number of tea farms confiscation and force relocation throughout Nam Shan to Man Tong for the main road construction, Northern Shan State, Burma.
Recently, on February 2011, two families from Homain village were forced to relocate their houses.
“Even though we did not get any compensation from the company, I have to pay (80000) kyats for grading the land into balance. Another person also has to pay (5000) kyats “said by the house owner who was forced relocation by the local authority.
The woman who is a shopkeeper also stated that “The families from my village (Man Mout), who lived the road side, were forced to relocate as well. As for me, I have already moved my residence-cum-shop three times “.
The villagers are very dissatisfy because they are frequently confiscated their tea farms, forests and plantations. The corporation companies of main road construction are Phyu Zin, Excellence Engineering, Chan Thar Shwe Myay and Man Myint Mo Hein Co.LTD.
Read more »

Local people pottered during the war

On March 29, 2011, from 6 PM to 9 PM local time, the Shan State Army North (SSAN) and the State Peace and Development Council (SPDC) again fought at Pankhar Mountain near above Manloi village, Manloi village group, Namshan Township after they contestedat between Manngai village and Manlang village, Namlin group, Namshan Township, Kyaume restrict, Northern Shan State on March 28, 2011.
“On March 28, after the Maingai war, with some the SPDC armies and militia group which leaded by U TunMyat Lay from Ngaunsai village, Namshan Township together attacked on the way Shan armies will come on. The Shan armies were about 60 to 80 but we don’t know exactly the numbers of the SPDC soldiers. At that day, Lashio command reinforcement with three cars went to the happened war place to Manloi village” said villagers.
A local people said that the SPDC brought people and cars for porters during the period of the war. “On March 29, two cars have been portered in order to take soldiers in Kyawme. One car is from Ko Jain from Homain village and another car is unknown name. They left these soldiers in Homain village. Now, soldiers are at temporary camps in Manmai” said the local man.
“At the same time, the SPDC from Manton Township battalion (BI – 130)called the Palaung militia group and portered five villagers from Mantart village for carrying mortar and other heavy weapons in order to attack the upcoming of the Shan State Army North from Mantart village, Namkham Town and to stop their ways” said a witness.
On March 29 the SSAN moved back to Pantoung village and covered their tracks after the Pankhar war but the military blockaded the long way in Nammato and did sentry duty everywhere. However, from April 1 to 2, the war situation stopped.
“Local civilians were in trouble situation from the cause of the war conflict”said a tea farm owner. “Now,people from villages call workers for plucking tea as this is the ShwePeOo tea period. However, the workers went back to their hometown because they were afraid of this war. We cannot pick the tea and we lost money we already spent on workers’ transportation. Now, many families lost their tea as the tea is over mature. Many families depend on the ShwePeOo tea but they have to face a trouble in this year” said the man.
Read more »

Monday, May 16, 2011

Two villagers dead in the landmine explosion

On March 22, 2011 at 7 PM local time, a ten year old kid and a thirty eight year old man died in a mine explosion which we can assume was a landmine within Mantart village, Naalw village group, Manton Township, Northern Shan State.
“They were affected and killed in the explosion when they kept warm from a fire when they went to help to for construction of the oldest meditation camp,” said a villager.
“They and other people together said to help for the construction. The explosion occurred under the fire when they were getting warm as it was so cold before they went back home. Both of them got injuries in their chests and their faces were blasted,” said the man.
The same kind of explosion has happened in the last years. Not only did this kind of explosion injure people but it also injured local people’s animals such buffalos, cow, and horses.
“The explosion was very strong even we don’t know exactly what type of mine” said villagers.There was civil war in this place before.  Thus, landmine trouble is not safe at present.
Read more »

Saturday, May 14, 2011

တရုတ်မှမြန်မာပြည်သို့ ဂတ်ပိုက်လိုင်းများစတင်သွင်းနေ

၂၀၁၁ခုနှစ်၊မေလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာနယ်စပ်ဖြစ်သော ရွှေလီနှင့် ဂျယ်ဂေါင်ကြား ဂတ်ပိုက်လုံးကြီးများကို ကုန်တင်ကားကြီးများဖြင့် မြန်မာပြည်သို့ စတင်တင်သွင်းနေကြောင်းတွေ့ရှိရသည်။
"ကျမတရုတ်-မြန်မာသွင်းကုန်၊ ပို့ကုန်ဂိတ်ရောက်တော့ ပိုက်လုံးကြီးတွေ တင်ထားတဲ့ ကားတစ်စီးနှင့် တစ်စီးပိုက်တွေ လွဲပြောင်းနေတာတွေ့တယ်၊ မေးကြည့်တော့ ဂတ်ပိုက်တွေလို့ပြောတယ်၊ (၄)စီးတော့ လွဲပြောင်းပြီးပြီ၊ ကျန်(၂)စီးက ပြောင်းနေတုန်းရှိသေးတယ်၊ အရင်တပတ်ကလည်း ဒါမျိုးပိုက်လုံးကြီးတွေတင်တဲ့ ကား(၅)စီးဖြတ်သွားတာတွေ့တယ်" ဟု မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့ပါသည်။
အလားတူဧပြီလအတွင်းလည်း မူဆယ်နယ်ခံများက ယခုလိုပိုက်လုံးတင်တဲ့ကားများ မကြာခဏတွေ့ရလျက်ရှိ သော်လည်း ဘာအတွက်ကိုတော့ဒေသခံများက မသိရကြောင်းသိရှိရသည်။ ၎င်းပိုက်လိုက်များကိုတရုတ်နိုင်ငံမှ မြန်မာသို့ ကားကြီးများဖြင့်လည်းကောင်း၊ သဘောင်္ဖြင့်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သယ်ဆောင်နေ ကြာင်းသိရှိရသည်။
ဒေသခံတစ်ဦးလည်း ပိုက်တွေကို တရုတ်ကနေဒီဘက်ကမ်းသို့ ကားနဲ့သယ်တယ်။ ပြီးရင် ဒေသခံတွေ မသိအောင် မိုးကာကြီးများအုပ်ပြီးတင်သွင်းနေတာကို မြင်လိုက်ရတယ် လို့ပြောပြသွားပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းသည် အရှည် ၇၉၂ ဒသမ ၅ ကီလိုမီတာပိုက်လိုင်းများ ဆက်ကာ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရပြီး ၎င်းပိုက်လိုင်းစီမံကိန်းကိုရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်ကာ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ အထိသွယ်တန်း မည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြတ်သန်းသွားမည့် ဂတ်ပိုက်လိုင်းသည် တအာင်းဒေသအတွင်းရှိ ရွှေလီအမှတ်(၁) ဓါတ်အားလိုင်းအတိုင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပြီး ယခင်ရွှေလီရေအားလျှပ်စစ်ကြောင့် ဒေသခံပြည် သူများ၏လယ်ယာသိမ်းမြေသိမ်းဆည်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရ ကြောင်း တအာင်းကျောင်းသားများနှင့် လူငယ်များထုတ်ပြန်သည့် စစ်ဖိနပ်အောက်ကရွှေလီ(Under the Boot) အစီအရင်ခံတွင် ဖော်ပြခဲ့ပါသည်။
Read more »

Wednesday, May 11, 2011

စစ်ဆင်ရေးတပ်မှဒေသခံများ၏ ဟင်းရွက်သီးနှံများလုယူဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ SSPP/SSA-N တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် သင်္ကြန်နောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့အနီးတစ်ဝိုက် ရှိတဲ့ကျေးရွာတွေတော်တော်များများမှာ  ကွတ်ခိုင်အခြေစိုက် တပ်ရင်း(၂၄၁)ဦးဆောင်ပြီး စစ်သားများ တရွာကိုလူအင်အား ၅၀ ၀န်းကျင်ခန့် ရှမ်းစစ်တပ်တွေ ဝင်မလာအောင် ယာယီစခန်းအဖြစ်နေရာယူပြီး လုံခြုံရေးတင်းတင်း ကျပ်ကျပ်ချထားကြောင့် သိရှိရပါသည်။

နအဖစစ်သားတွေဟာ တုန်စင်ဒါင်း၊တုန်စင်ဒဲ့၊မန်နောင်၊ခိုလုံ၊ ပန်းဆေး အစရှိကျေးရွာများအတွင်း ဒေသခံရွာသားတွေရဲ့ ခြံထွက်သီးနှံများ၊ဟင်းသီးဟင်းရွက်နှင့် အိမ်မွေးတိရစ္ဆာန်များအား ခြိမ်းခြောက်မတရားသဖြင့် ယူစားသုံးနေကြသည်။

တုန်စင်(ဒါင်း)ရွာသားတစ်ဦးမှ "ရွာထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေ ခွင့်ပြုချက်မရဘဲ ခူးစားတယ် ရိုးရိုးခူးတာမဟုတ်ဘူး အပင်တွေကို ဆွဲနုတ်တယ်၊ အနွယ်တွေကို ပျက်စီးအောင်လုပ်တယ်၊ နောက်ပြီး ကြက်ရှိတဲ့အိမ်တွေဆို အတင်းအဓမ္မလာပို့ခိုင်းတယ်၊သူတို့တွေ ခြိမ်းခြောက်တော့ ရွာသားတွေလည်း ကြောက်ပြီး မပေးချင်ဘဲ လာပို့ပေးနေရတယ်"ဟု ဖွင့်ဟပြောဆိုခဲ့ပါသည်။

မြို့နဲ့နီးတဲ့ရွာတွေမှာဆိုရင် ခြံထွက်ဟင်းသီးဟင်းရွက်များစိုက်ပြီး မြို့ပေါ်တက်ရောင်းလေ့ရှိပါတယ်။ တချို့တွေက ကွတ်ခိုင်ဈေးအပြင် အခြားတာမိုးညဲဈေး၊ သိန်းနီဈေး၊နမ့်ဆလပ်ဈေးသို့ ကုန်စိမ်းဈေးပတ်လိုက်ရောင်း ပြီး ခြံထွက်ဟင်းသီးဟင်းရွက်ကိုသာ အဓိက မှီခိုအားကိုးနေကြရသည်။

"စစ်သားတွေက ရပ်ရွာလုံခြံရေးအတွက်ဆိုပြီး ရွာမှာလာအခြေချကြတယ် ပြီးတော့ ကျမတို့ ကြက်တွေ၊ အသီးအရွက်တွေဆိုလည်း ဝင်ခူးချင်သလို ဝင်ခူးကြတယ် ပျိုးထားတဲ့ ဟင်းတွေကိုလည်း နင်းချင်သလို  နင်းတယ်၊ ပြီးတော့ ဟိုလူကိုငေါက်လိုက် ဒီလူကိုခြိမ်းခြောက်လိုက်နဲ့ဆိုတော့ အားလုံးကကြောက်နေရတယ်၊ မိန်းကလေးတွေလည်း ယာခြံအလုပ်ကို ကောင်းကောင်းကို မလုပ်ရဘူး၊ နည်းနည်းမှောင်တာလာနဲ့ မပြန်ရဲကြတော့ဘူး " ဟုရွာခံအမျိုးသမီး တစ်ဦးမှ စစ်သားတွေ ရွာမှအခြေချတဲ့အတွက် ၄င်းအတွက် လုံခြုံမှုမရှိတော့တဲ့အခြေအနေကို ညဉ်းသွားပြောပြခဲ့သည်။
Read more »

Tuesday, May 10, 2011

တအာင်းအမျိုးသမီးငယ်နှစ်ဦးလူကုန်ကူးခံရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကုန်းဆာအုပ်စု၊ မန်မိုင်ကျေးရွာတွင် နေထိုင်သည့် ဦးဆမ်မိုင်၏ သမီး လွေးအီငင်း နှင့် ဦးပန်းအောင်၏သမီး လွေးအိုမိုင်တို့အား တရုတ်ပြည်သို့ လူကုန်ကူးခံရကြောင်း သိရှိရပါသည်၊၊

ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာအမှတ်(၁)ရပ်ကွက်နေ ဦးချစ်အေးနှင့် ဒေါ်ရွှေကြာဇနီးမောင်နှံသည် အသက် ၁၇ နှစ်သာရှိသေးသည့် လွေးအီငင်း နှင့် လွေးအိုမိုင်တို့နှစ်ဦးအား နမ့်ဖတ်ကာဈေးရှိ ကုန်စုံဆိုင်တွင် တစ်လလျှင် သုံးသောင်းငါးထောင်(၃၅၀၀၀)ကျပ် ပေးမည်ဟုဆိုကာ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ခေါ်ဆောင်သွားခဲ့ပါသည်။

လွေးအိုမိုင်၏ ဖခင်ဖြစ်သူ ဦးပန်အောင်သည် မတ်လ (၁)ရက်နေ့တွင် မိမိ၏သမီးဖြစ်သူအား သွားရောက်တွေ့ဆုံရာ လွေးအိုမိုင်အား ခေါ်ဆောင်သွားသူ ဦးချစ်အေး နှင့် ဒေါ်ရွှေကြာတို့မှ သူမမှာ နမ့်ဖတ်ကာနှင့် ဆယ်မိုင်ခန့်ဝေးသည့် ခိုမုံးရေစင် ထမင်းဆိုင်တွင် သွားရောက်အလုပ်လုပ်နေသောကြောင့် တွေ့လိုသည်ဆိုပါက သုံးလေးရက်အတွင်း လွှတ်လိုက်မည်ဟုဆိုပြီး ဦးပန်းအောင်အား ပြောလိုက်ပါသည်။

သို့သော်လည်း မိမိ၏သမီးမှာ တစ်ပတ်ကြာသည်အထိ ရောက်မလာသောကြောင့် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းလူကြီးများထံသို့ သွားရောက် အကူအညီတောင်းခံခဲ့ပါသည်။ အဆိုပါလူကြီးများမှ ဦးချစ်အေးနှင့် ဒေါ်ရွှေကြာ တို့အကြောင်းအား စုံစမ်းကြည့်သည့်အခါ လူကုန်ကူးသူများနှင့်အဆက်အသွယ်ရှိကြောင်း သိရှိရသောကြောင့် နမ့်ဖတ်ကာရဲစခန်းသို့ ဧပြီလ (၇) ရက်တွင် သွားရောက်တိုင်ကြားခဲ့ပါသည်။ 

တအာင်းလူကြီးများနှင့်နမ့်ဖတ်ကာ စခန်းမှူးဗိုလ်ကျော်ကျော်နိုင်နှင့် တာဝန်မှူးဒုရဲအုပ်အောင်ဇော်ဦး တို့သည် ဦးချစ်အေးနှင့် ဒေါ်ရွှေကြာအိမ်သို့သွားရောက်စစ်ဆေးကြရာ လူကုန်ကူးခြင်းမဟုတ်ပဲ တရုတ်ပြည် ကျန်ဟောင်သို့ သွားရောက် အလုပ်လုပ်ကိုင် နေခြင်းသားဖြစ်ပြီး ဧပြီလ (၁၁)ရက်နေ့အရောက် ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ဦးချစ်အေးနှင့် ဒေါ်ရွှေကြာတို့မှ ဝန်ခံဂတိ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့သော် ဧပြီလ ၁၇ရက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့်  ဧပြီလ ၂၁ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရဲစခန်းသို့ ထပ်မံတိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ လိုက်လံဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရှိရပါသည်။ 

အလားတူ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ကွတ်ခိုင်မြို့နယ်၊ လုံကန်ကျေးရွာအုပ်စု၊ မန်ပူးရွာနေ ဦးအိုက်ထပ်(စောတိယ) ၏သမီးဖြစ်သူ ၂၃နှစ်အရွယ် မအီမိုအား တရုတ်ပြည်သို့လူကုန်ကူးပြီး အိမ်ထောင်ပြုစေခဲ့ဖူးကြောင်း သိရှိရပါသည်၊၊
 
Read more »

Tuesday, May 3, 2011

စစ်ဆင်ရေးကြောင့်ဒေသခံများစိုးရိမ်ထိတ်လန့်နေ





ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အရှေ့ဘက်ခြမ်း(ဟိုင်တောင်)၊ မန်လွယ်ကျေးရွာ၊ နမ့်လင်းကျေးရွာ ဒေသများတွင် ဧပြီလ ၂၆-ရက်နေ့မှစ၍ စစ်တပ်အင်အား (၅၀)ကျော် အပါအဝင် ငွန်ဆိုင်းကျေးရွာ  ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး နှင့်အဖွဲ့တို့သည် တစ်ရွာပြီးတစ်ရွာပါတ်စိပ်တိုက် စစ်ရေးကင်းလှည့်နေကြောင်းသိရသည်။ အဓိကတော့ SSPP/SSA-တို့  နမ့်ဆန်မြို့နယ်အတွင်း ချှီတတ်လာတယ်ဆိုတဲ့သတင်းကြောင့် စစ်ဆင်ရေးတွေလုပ်နေတာ ဖြစ်သည်ဟု သိရသည်၊၊
" နမ္မတူတပ်ရင်းကော နမ့်ဆန်တပ်စခန်းကလူတွေလည်းပါတယ်၊ သူတို့ရောက်တဲ့ ရွာတိုင်းမှာရွာဥက္ကဌတွေကိုမေးတယ် ရှမ်းစစ်တပ်တွေ တွေ့လား၊ တွေ့ရင်သူတို့ကိုချက်ချင်း အကြောင်းကြားပါတဲ့၊ ဒါကြောင့် လူတွေကစစ်ဖြစ်တော့မယ်ဆိုပြီး ထိတ်လန့်နေကြတယ်၊ ဒီနှစ်ဗမာ ပြည်အလယ်ပိုင်းက ဗမာတွေလည်း လက်ဖက်သိပ်လာမခူးကြတော့ဘူး၊ ဒီတော့ လက်ဖက်တွေကို အချိန်မှီမခူးနိုင်ဘူး တချို့လက်ဖက် တွေဆို ရင့်ကုန်ကြတယ်၊ ဒီစစ်တပ်တွေကြောင့် လူတွေက အလုပ်ကောင်းကောင်းကိုမလုပ်ရဘူး၊  သူတို့ရွာလာပြီဆို လူတွေက အစားအသောက်က အစလုပ်ပေးရတယ်" ဟုရွာသားတစ်ဦး ပြောပြချက်အရသိရှိရသည်။
ဆက်စပ်ပြီး  ဧပြီလ (၂၇)ရက်နေ့လည်း လက်နက်တင်စစ်ကား နှင့် လူတင်စစ်ကားအစီး (၂၅)ဟာရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ဘယ်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းသွားသည်ဟု မျက်မြင်တစ်ဦးက ပြောပြခဲ့သည်။ လူတွေက တရုတ်ပြည်ဘက် ကဝယ်လာတဲ့ လက်နက်ခဲယမ်းတွေကို ကရင်ပြည်နယ်ဘယ်ပို့ဖို့ ဖြစ်တယ်လို့ ခန့်မှန်းနေကြ သလို တချို့ကတော့ စစ်အင်အားပြ ခြိမ်းခြောက်တယ်လို့ ပြောနေကြတယ်၊ အခုချိန်ထိတော့ ဘယ်သူမှလည်းတိတိကျကျ ပြောနိုင်ခြင်းမရှိသေးပါ။
ယခုအချိန်သည် လက်ဖက်ကိုအဓိကလုပ်ကိုင်စားသောက်ကြတဲ့ တအာင်းလူမျိုးတွေရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပြီး အချိန်နဲ့ အမှီ လက်ဖက်တွေ ကိုခူးရပါသည်၊ ယခုလိုဒေသတွင်း မငြိမ်မသက်ဖြစ်တော့ လူတွေကစိတ်မသက်မသာဖြင့် အလုပ်လုပ်နေရတယ်။ လက်ဖက်လည်းအဝယ်မလိုက်သလို ဈေးနှုန်းလည်းထက်ဝက်ကျော်ကျသွားသည်။ "ရွှေဖီဦးတုန်းကဆိုလက်ဖက်ကတစ်ပိဿာကို ကျပ် (၄၀၀၀) ၀န်းကျင်ရှိပေမယ့် အခုတော့ တစ်ပိဿာကို ကျပ် ၂၀၀၀ တောင် ဝယ်တဲ့လူသိပ်မရှိတော့ဘူး"ဟုလက်ဖက်တောင်သူတစ်ဦးပြော ပြချက်အရသိရသည်။
Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger