DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, November 29, 2010

ရွေးကောက်ပွဲ တရားမျှတမှုမရှိ TNP နေပြည်တော်သို့ တိုင်ကြားမည်


PDF Print E-mail

နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် တရားမျှတမှုလုံးဝမရှိကြောင်း တအာင်းအမျိုးသားပါတီမှ နေပြည်တော်သို့ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားမည်ဟု သိရသည်။


ရွေးကောက်ပွဲအပြီးတွင် ကြိုတင်မဲ မသမာမှုများရှိခြင်း၊ မဲရုံကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်စားပြုဆန္ဒမဲပေးခြင်း နှင့် မဲဆန္ဒရှင်များက မြိုနယ်ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ပေးအပ်လိုက်သော ပုဂ္ဂိုလ်များဖြစ်သည့် မဲရုံကိုယ်စားလှယ်မှ ကန့်ကွက်ခံရခြင်းများရှိသည်ဟု တွေ့ မြင်လိုက်သည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပပြုလုပ်သည့် ပါတီစုံ ရွေးကောက်ပွဲမှ တရားမျှမှုမရှိကြောင်း TNP မှ နေပြည်တော်သို့ တိုင်ကြားမည်ဖြစ်ကြောင်း သိရှိပါသည်။

မှတ်ချက်= အပြည့်အစုံရရှိရန် ဆက်လက်စုံးစမ်းနေဆဲ

Read more »

မဲလက်မှတ် အရေ (၅၀၀) လျှို့ ဝှက်သိမ်းဆည်းနေ


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာနှင့် မိုင်းပူးကျေးရွာတွင် တအာင်း အမျိုးသားပါတီ “TNP” ၊ “USDP”ပါတီ၊ “တစည”ပါတီ နှင့် “ကျားဖြူ” ပါတီတို့ဝင်ရောက်ယှဉ် ပြိုင်ရာမှာ “USDP” ပါတီစည်းရုံးရေး မှူးတစ်ဦး ဖြစ်သော ပန်းဆေး ဦးကျော်မြင့်က မဲလက်မှတ် အရေအတွက် (၅၀၀) လျှို့ဝှတ်သိမ်းဆည်းထား ကြောင်း အမည်မဖေါ်လိုသူတစ်ဦး ထံသိရသည်။


ထို့အပြင် ပန်းဆေး ဦးကျော်မြင့်သည် ရွေးကောက်ပွဲစည်းကမ်းချက်အရ အသက်မပြည့်သေးသောကလေးများကို မဲထည့် ပိုင်ခွင့်မရှိဟုဆိုထား သော်လည်း ၄င်းက ထည့်ခိုင်းသည်၊ ဒ့ါအပြင် မဲဆန္ဒရှင်တစ်ဦးလျှင် မဲတစ်ခါမက သုံးလေးခါ ထည့်ခိုင်းသည်ဟု အဆိုပါ အမည်မဖေါ်လိုသူက အခုလိုပြောသည်။

"မနေ့က မဲပေးတဲ့အချိန်မှာ ပန်းဆေး ဦးကျော်မြင့်က အသက်မပြည့်သေးတဲ့သူတွေပါ မဲထည့်ခိုင်းတယ် မဲထည့် စာရင်းထဲမှာ မပါတဲ့သူတွေပေါ့ ပြီးတော့မှ လူတစ်ယောက်ကို မဲခဏခဏထည့်ခိုင်းတယ်" ဟု သူကပြောပြသည်။

အသက်မပြည့်သေးသောသူများနှင့် အသက်ပြည့်ပြီးသောသူများကိုပါ ယခုလို ထပ်ခါထပ်ခါ မဲပေးနိုင်တာဟာ ၄င်းဦးကျော်မြင့် ၀ှက်ထားသော မဲလက်မှတ် အရေအတွက်( ၅၀၀)တွင်သုံး၍ ပေးခိုင်းတာဖြစ်မည်ဟု မသင်္ကာသူများက ဝေဖန်းပြောဆိုသည်။

လက်ရှိအခြေအနေတွင် အဆိုပါ ဦးကျော်မြင့် လျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)အား ကြံ့ဖွံ့ ပါတီထဲ ရောက်မသွားအောင် တအာင်းအမျိးပါတီ TNPနှင့် ကျားဖြူပါတီ က ၄င်းမဲပြားကိုလိုက်လံ စုံးစမ်းနေပြီး မဲထည့်၍ မရသေးသော ဒေသခံကို တွေ့ဆုံမည် မေးမြန်းမည်ဟု ပြောကြောင်း သိရသည်။

ဤပြသာနာကြောင့် တအာင်းအမျိုးသားပါတီ ၊ တစည ပါတီ နှင့် ကျားဖြူပါတီတို့က ၄င်းလျှို့ ဝှက်ထားသော မဲလက်မှတ် အရေအတွက်(၅၀၀)ကို ပယ်မဲအဖြစ် လုပ်ဆောင်နိုင်ရန် ပူးပေါင်းတိုင်ပင်နေကြသည်ဟုသိရသည်။

Read more »

မဲမပေးချင်လည်း နေလို့ မရ


PDF Print E-mail

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာမှ ဒေသခံများသည် ရွေးကောက်ပွဲ စည်းကမ်းအရ မဲပေးချင်သောဆန္ဒမရှိပါက မဲမပေးပဲနေနိုင်ခြင်း အခွင့်အရေး မရှိကြောင်းသိရသည်။ ထို့အပြင် ပြစ်မှုနှင် အကျဉ်းကျခံနေသော အကျဉ်းသားများကိုယ်စား ပါ ကိုယ်စားမဲထည့်ပေးရခြင်းဖြစ်သည်။


ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ပုဒ်မ ၇ (ခ) ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ ဟုရေးထားပြီးသော်လည်း ၄င်းဒေသတွင် ပြစ်မှုနှင့် အကျဉ်းကျနေသော အကျဉ်းသားများအတွက် နိုဝင်ဘာလ ၆ ရက်နေ့တွင်မှာလည်း ကိုယ်စားပြု ကြိုတင်မဲ ထည့်ခိုင်းခြင်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် မဲလက်မှတ်များကို ကျေးရွာ ဥက္ကဌ အဖွဲ့ ဦဆောင်ပြီး ဒေသခံများထံ လိုက်ဝေခဲ့ပါတယ်။ ရွေးကောက်ပွဲ စည်းကမ်းချက်အရဆိုရင် မဲမထည့်ချင်ရင် နေလို့ရတယ်လို့ကြားရတယ် ဒါပေမဲ့ ဖာလင်ကျေးရွာ မှာတော့ မဲထည့်နိုင်သူများ အားလုံး မဲမထည့်မနေရဖြစ်သည်" ဟု ဒေသခံရွားသား တစ်ယောက်က ပြောခဲ့ပါသည်။

ဖာလင်ကျေးရွာမှာ လာရောက်အရွေးခံမည့် ပါတီများကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ကျားဖြူပါတီများ ဖြစ်ကြပါသည်။ ၄င်းပါတီများ ၄ ခုသည် တအာင်းအမျိုး သားပါတီက မဲအများဆုံး ရနိုင်သည့်အခြေအနေရှိကြောင်းသိရသည်။

တအာင်းလူမျိုးဖြစ်သည့် ရွာသားတစ်ယောက်က လေးပါတီထဲက ဘယ်သူ့ကို မဲပေးချင်လည်း မေးမြန်းခဲ့သည်မှာ “ကျတော်က တအာင်းလူမျိုးကိုပဲချစ်တယ်။ တအာင်းအမျိုးသားပါတီ လက်ဖတ်ရွက်ပဲ မဲပေးမယ်။ တခြားပါတီတွေ မဲပေးရင်တော့ တအာင်းလူမျိုးတွေမှ ကိုယ်စားမှမပြုတာ။ တအာင်းပါတီကိုမဲပေးရင် ကျတော်တို့နယ်မြေ လည်းရမယ်။ ကျတော်တို့ တအာင်းပါတီက တအာင်းလူမျိုးတိုးတက်ဖို့အတွက် လုပ်သွားနိုင်မယ်လို့ ယုံကြည်တယ်" ဟုသူက ပြောသည်။

Read more »

ခရီးလွန်သူများ ကိုယ်စား မဲပေးနိုင်


PDF Print E-mail

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် မဲပေးသူဒေသခံများက မိသားစုကိုယ်စား အိမ်ထောင် ဦးစီးဖြစ်သူတစ်ဦးကသာ မဲသွားပေးနိုင်ကြသည် ဒါ့အပြင် အိမ်ထောင် ဦးစီးက မိသားစုမှခရီးလွန်သူများ အတွက်ပါ မဲပေးရကြောင်းသိရသည်။


မန်အောင်ကျေးရွာရှိ မဲရုံနှစ်ခုသည် ဓမ္မာရုံ နှင့် အထက်တန်းကျောင်းကိုနေရာယူလုပ်ဆောင်ပြီး လုံခြုံရေးလည်း
အများအပြားချ ထားကြောင်းသိရသည်။

အဆိုပါ ကိုယ်စားမဲပေးနိုင်ခြင်းနှင့်ပါတ်သက်၍ သွားရောက်မဲပေးသောဒေသခံတစ်ဦးက" သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက မဲရုံကို မနက် ၅ နာရီကတည်းကစဖွင့်တယ် ကျတော်ရောက်တဲ့အချိန်မှာ မဲပေးပြီးသူဦးရေ ၅၀၀ လောက်ရှိပြီး အများအားဖြင့် က လ္ဘက်ညွန့် တံဆိတ်ကိုသာ အဓိကထားပြီးပေးကြတယ် သိပ်တော့မခက်ပါဘူး တချို့ဆိုရင် သူတို့မိသားစုအတွက် လာပေးကြတယ် တချို့လူတွေ ကျတော့ ကိုယ်တိုင်သွားပေးချင်တယ်ဆိုရင် သွားပေးကြတယ် ဒါပေမဲ့ အဲဒီမဲတွေက ဘယ်လိုဖြစ်လာမလဲတော့မသိဘူးလို့ သူကပြော သွားသည်။

မဲရုံတွင် လုံးခြုံရေးအပြည့်ချထားသော်လည်း မဲပေးသည့်အခါတွင် ခြိမ်းခြောက်မှုများပြုလုပ်တာမရှိဘဲ လွတ်လွတ်လပ်လပ် ပေးနိုင် ကြကြောင်းဟု သူကဆက်ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ တွင် တအာင်းအမျိုးသားပါတီ ၊ ကျားဖြူပါတီ ၊ USDP ပါတီ နှင့် တစည ပါတီတို့ မှ မန်အောင် ကျေးရွာတွင် ကြိုတင်မဲကောက်ခံရာမှာ တအာင်းအမျိုးသားပါတီက မဲရေ ၅၀၀ ဖြင့် ရရှိပြီး ကျန်ရှိပါတီများက မဲအနည်း အကျဉ်းသာရရှိကြောင်း သိရသည်။

ထိုအပြင် USDP ပါတီက မန်အောင်ကျေးရွာရှိ အချို့ကျေးရွာအုပ်စု ဒေသခံများကို ငွေပေးပြီး မဲထည့်ခိုင်းတာမျိုး လည်းရှိကြောင်း အဆိုပါဒေသခံကပြောသည် အလားတူ အခြားအုပ်စုရှိ မဲရုံတွင်လည်း အသက်ကြီးသူများကိုယ်စား မဲရုံးမှူးများက ကိုယ်စား မဲပေးနေခြင်းရှိကြောင်းသိရသည်။


Read more »

မဲရုံမှူးများမှ ကိုယ်စားပြုမဲထည့်ပေး


PDF Print E-mail

ရုမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖာလင်ကျေးရွာရှိ မဲရုံတွင် မဲရုံမှူးများမှ ဒေသခံအသက် ကြီးသူများနှင့် စာမဖတ်တတ်သူများအတွက် ကိုယ်စားပြုမဲထည့်ပေးနေ ကြောင်းသိရသည်။


၎င်းဒေသခံ အသက် (၆၀)ရှိ အဖွားတစ်ယောက်မှ ပြောပြရာတွင် “အဖွားကတော့ စာမဖတ်တတ်သည့်အတွက် ပလောင်ပါတီကို မဲထည့်ပေးပါလို့ မဲရုံအဖွဲ့တွေကို ပြောလိုက်တယ်။ သူတို့က ဘယ်ပါတီမဲ ထည့်တယ်ဆိုတာ စာရွက်မပြတော့ဘူး ဒီတိုင်းပဲ ထည့်ပေးလိုက်တယ်”ဟု ပြောပြသည်။

ထို့အတူ အခြားအသက်ကြီးဒေသခံများလည်း ထိုနည်းတူ မဲရုံကော်မရှင်များက ကိုယ်စားမဲပေးနေကြ သူအများ အပြားရှိသည်ဟု သူကဆက်ပြောသည်။

ဖာလင်ရွာတွင် ကြံ့ဖွံ့ပါတီ ကျားဖြူပါတီ တစည နှင့် TNP တို့မှ ၀င်ရောက မဲယှဉ်ပြိုင်နေကြောင်းသိရှိရပါသည်။

အခြားကျေးရွာတွင်လည်း အလားတူပင် ကိုယ်စားမဲပေးနိုင်ကြသည် ထို့အပြင် USDPပါတီက ပလောင် ဒေသခံတစ်ဦးအား ကျပ်ငွေ ၅သိန်းပေးပြီး မဲပေါင်း (၁၀၀၀) ၀ယ်ပေးရန်အတွကငွေးပေးထားပြီး ဒေသခံတစ်ဦးလျှင် ကျပ်ငွေ ၅၀၀၀ ပေးပြီး ကြံ့ဖွံ့ပါတီကို မဲထည့်ပါဟုစည်းရုံးခိုင်းကြောင်းသိရသည်။


Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger